Tuesday, August 13, 2013

ချစ်သူထံ


ရယ်‌သံ‌​တွေပဲကြားချင်‌တယ်‌
ချစ်‌သူ...‌
‌​ကျေးဇူးပြုပီး မငိုပါနဲ့
ငါ့နှလုံးသားက
နင့်‌ရယ်‌သံ‌​တွေကြားမှာ
အသက်‌ရှင်‌‌​နေတဲ့အရာတစ်‌ခု...။
အနမ်း‌​တွေပဲ ရချင်‌တယ်‌
ချစ်‌သူ..‌
ကျေးဇူးပြုပီး အလွမ်း‌​တွေမေ‌​ပးပါနဲ့
ငါ့နှလုံးသားက
နင့်‌အနမ်း‌​တွေကြားမှာ
‌​ပျော်‌ရွှင်‌တဲ့ အရာတစ်‌ခု...။
အချစ်‌‌​တွေပဲ ရချင်‌တယ်‌ ချစ်‌သူ..
‌​ကျေးဇူးပြုပီး အမုန်း‌​တွေ မ‌​ပေးပါနဲ့..
စဉ်းစားဘူးတဲ့ အနာဂတ်‌တစ်‌ချို့
ငါ့နှလုံးသားအတွက်‌  
ဖြစ်‌မလာမှာ စိုးလို့ပါ...။

No comments:

Post a Comment