Wednesday, August 14, 2013

မိုးသို့ဆိုသောသစ္စာစကား

မှိုင်းမှိုင်းညို့ညို့

တိမ်ခိုးတို့လျှင်

မို့မို့မောက်မောက်

ဖြိုးဖျောက်ဖျောက်ဖြင့်

သွန်းပေါက်ရွာကျ

ခါတွင်မှလျှင်

နွမ်းလျရော်ရီ

လွမ်းစိတ်အီမိ


သည်းမည်းသည့်မိုး


စိုထိရင်တွင်း


မျက်ရေဆင်းလိမ့်


ဖြေခြင်းမရ


စိတ်သောကလျှင်


လွန်စွနှိပ်စက်


ဆွေးဂယက်ဖြစ်


သက်ထက်သဲညှာ


မောင့်ကလျာနှင့်


ကြန့်ကြာဝေးခြင်း


အမြန်ကင်း၍


ရင်တွင်းထပ်တူ


နီးသို့မူလျှက်


သဲသက်မြေကျ


ပေါင်းပါရစေ

မိုးရေသစ္စာ


ဖွင့်ကာနှုတ်ဟ


တိုင်တည်ပါ့မည်


ဝဿန္တမိုး သက်သေထိုး။ ။


ချစ်သူတေးချိုး လွမ်းစာမိုး။ ။


ရွာစေသွန်းဖြိုး ရွာပါမိုး။ ။


လွမ်းမျက်ရေမိုး စွေစွေဖြိုး။ ။


မင်းကြည်ညို


Photo: "မိုးသို့ဆိုသော အလွမ်းသစ္စာ"


မှိုင်းမှိုင်းညို့ညို့
တိမ်ခိုးတို့လျှင်
မို့မို့မောက်မောက်
ဖြိုးဖျောက်ဖျောက်ဖြင့်
သွန်းပေါက်ရွာကျ
ခါတွင်မှလျှင်
နွမ်းလျရော်ရီ
လွမ်းစိတ်အီမိ
သည်းမည်းသည့်မိုး
စိုထိရင်တွင်း
မျက်ရေဆင်းလိမ့်
ဖြေခြင်းမရ
စိတ်သောကလျှင်
လွန်စွနှိပ်စက်
ဆွေးဂယက်ဖြစ်
သက်ထက်သဲညှာ
မောင့်ကလျာနှင့်
ကြန့်ကြာဝေးခြင်း
အမြန်ကင်း၍
ရင်တွင်းထပ်တူ
နီးသို့မူလျှက်
သဲသက်မြေကျ
ပေါင်းပါရစေ
မိုးရေသစ္စာ
ဖွင့်ကာနှုတ်ဟ
တိုင်တည်ပါ့မည်
ဝဿန္တမိုး သက်သေထိုး။  ။
ချစ်သူတေးချိုး လွမ်းစာမိုး။  ။
ရွာစေသွန်းဖြိုး ရွာပါမိုး။  ။
လွမ်းမျက်ရေမိုး စွေစွေဖြိုး။  ။



                                                  မင်းကြည်ညို

No comments:

Post a Comment