Wednesday, August 14, 2013

အကြွေပန်း

တစ်ပွင့်တစ်ခက်
ကြွေရက်ကယ်စော

နှမြောရင်မှာ သဲနာဖြစ်မိ။

ကြွေဖို့ကြမ္မာ

ဖန်လာဒီပန်း

ပွင့်လန်းကြာကြာ
 
သာယာရနံ့ သူမပျံ့နိုင်။

ဘယ်လိုခြွေခြွေ

 
ဘယ်သို့ကြွေလဲ

 
ပွင့်နေအခိုက်

 
နှစ်ခြိုက်မြတ်နိုး

 
ဆပိုးကြင်နာ

 
ကြည်ဖြူစွာမို့

 
ညင်သာဖွဖွ

 
ရွရွထွေးပွေ့

 
မမေ့မပျောက်

 
ကောက်ကာနမ်းမြဲ

 
ရင်ခွင်ထဲဝယ် မြတ်နိုးမယ်...လို့။ ။



Photo: "အကြွေပန်းသို့ မှာတမ်းလွှာ"


တစ်ပွင့်တစ်ခက်
ကြွေရက်ကယ်စော
နှမြောရင်မှာ သဲနာဖြစ်မိ။

ကြွေဖို့ကြမ္မာ
ဖန်လာဒီပန်း
ပွင့်လန်းကြာကြာ
သာယာရနံ့ သူမပျံ့နိုင်။

ဘယ်လိုခြွေခြွေ
ဘယ်သို့ကြွေလဲ
ပွင့်နေအခိုက်
နှစ်ခြိုက်မြတ်နိုး
ဆပိုးကြင်နာ
ကြည်ဖြူစွာမို့
ညင်သာဖွဖွ
ရွရွထွေးပွေ့
မမေ့မပျောက်
ကောက်ကာနမ်းမြဲ
ရင်ခွင်ထဲဝယ် မြတ်နိုးမယ်...လို့။  ။


                                                    မင်းကြည်ညို

No comments:

Post a Comment